MNP ၊ စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းရှိ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၊ စဉ့်ကူးမြို့နယ်မှ မန်နေဂျာ ဦးဝင်းခိုင် က စားနပ်ရိက္ခာဖူလုံစေရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးနှင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ်စေရေး တို့အတွက် ရည်ရွယ်၍ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
စဉ်ကူးမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာလ ၂၃ ရက်နေ့တွင် တောင်အင်းကျေးရွာမှ တောင်သူ ၃၆ ဦးအတွက် ထုတ်ချေးငွေကျပ် (၂၇၄၅၀၀၀၀)နှင့် ထုံးကြီးကျေးရွာမှ တောင်သူ (၁၅)ဦးအတွက် ထုတ်ချေးငွေကျပ် (၆၄၅၀၀၀၀) တို့အား ထုတ်ချေးပေးခဲ့ကြောင်း၊ သတ်မှတ်သည့်ကာလအထိ ချေးငွေပြေကျေသည့် တောင်သူများကိုလည်း ဆက်လက်ထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား စပါးစိုက်ဧက တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံ(ပဲမျိုးစုံ) တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်း၊ အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ချေးငွေများထုတ်ချေးပေးခြင်းဖြစ်ကြောင်း မြို့နယ်မန်နေဂျာ ဦးဝင်းခိုင် ထံမှ သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment