ကျိုက်လတ် အ.ထ.က (ဒရင်ကောက်)၌ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများအား ပန်းခင်း စီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (အခမဲ့)ပြုလုပ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်လတ် အ.ထ.က (ဒရင်ကောက်)၌ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများအား ပန်းခင်း စီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (အခမဲ့)ပြုလုပ်ပေး




MNP - စက်တင်ဘာ   ၁၉


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဒရင်ကောက်ကျေးရွာအုပ်စု၊ ဒရင်ကောက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ကျိုက်လတ် မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယမန်နေ့ နံနက် (၈)နာရီက  ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက  “ပန်းခင်းစီမံချက်(၂)” ဖြင့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁)ရက် မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့ အထိ အသက် ၁၀ နှစ်ပြည့်ပြီးသူများနှင့် အသက် ၁၈ နှစ်ပြည့်လာမည့်သူ များကို နိုင်ငံသားစိစစ်ရေးကတ်ပြား များ ထုတ်ပေးလျက်ရှိကြောင်း၊ စီမံချက်ကာလအတွင်း နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးမှုမရှိရအောင် နိုင်ငံသား တိုင်း ရယူပိုင်ဆိုင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှု အခြေအနေတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရာတွင် ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းမှုမှန်ကန်စေရေး အတွက် သက်ဆိုင်ရာ ဆရာ/ဆရာမတို့ကလည်း လိုအပ်သည်တို့ကို ဖြည့်စွက်ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူ (၁၄၉)ဦးနှင့် မိဘပြည်သူ (၁၆၁)ဦး စုစုပေါင်း (၃၁၀)ဦး တို့အား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ (အခမဲ့)ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ရီရီမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)