လဟယ်မြို့တွင် ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လဟယ်မြို့တွင် ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များရောင်းချပေး



MNP - စက်တင်ဘာ ၂၄


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် တန်ဖိုးသင့်စားသောက်ကုန်များကို ‌ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများအားရောင်းပေးခြင်း ယနေ့နံနက် (၇)နာရီအချိန်က လဟယ်မြို့ ရွှေပြည်သာ အားကစားကွင်း၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ တန်ဖိုးသင့် စားသောက်ကုန်များနှင့် အသား/ငါးများ ရောင်းချပေးရာတွင် လဟယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများက ဦးဆောင်း၍ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်နှင့်ကြက်သား၊ ငါးသားများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေးနေမှုကို နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးနေမင်းသူနှင့် အဖွဲ့ဝင်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ၎င်းတန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေးခြင်း အစီအစဉ်ကို လဟယ်မြို့‌နယ် ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာ ‌ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ အ‌ခြေခံစားသောက်ကုန်များကို အပတ်စဉ် စနေနေ့တိုင်း ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရပါသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)