စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးဝန်းအတွင်း မုံရွာမြို့နယ်ရှိ ကျေးရွာအသီးသီးမှ တောင်သူများအား ယူရီးယားဓါတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် စုပေါင်း‌ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးဝန်းအတွင်း မုံရွာမြို့နယ်ရှိ ကျေးရွာအသီးသီးမှ တောင်သူများအား ယူရီးယားဓါတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် စုပေါင်း‌ရောင်းချ



MNP - စက်တင်ဘာ  ၂၁


စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးဝန်းအတွင်၌  ယူရီးယား ဓါတ်မြေဩဇာ စုပေါင်းရောင်းချပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မုံရွာမြို့နယ် ကျေးရွာ (၁၀) ရွာမှ တောင်သူ (၂၁၂) ဦး ယူရီးယားဓါတ်မြေဩဇာ (၄၁၇) အိတ်အား တပျော်တပါး လာရောက် ဝယ်ယူလျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဆန်းဆန်းမြင့်ထံမှ သိရသည်။


မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြိုနယ်များ အတွက် ယခုရက်သတ္တပတ်အတွင်း ဩဂုတ်လ ဒုတိယအကြိမ်ခွဲတမ်း (၃၀၀၀) အိတ် ရရှိခဲ့ပြီး မုံရွာမြို့နယ် (၁၀၀၀) အိတ်၊ ချောင်းဦးမြို့နယ် (၁၀၀၀) အိတ် ဘုတလင်မြို့နယ်မှ (၅၀၀) အိတ်နှင့် အရာတော်မြို့နယ်မှ (၅၀၀) အိတ်တို့ကို ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ ယူရီးယားဓါတ် မြေဩဇာများ တစ်ပျော်တစ်ပါး လာရောက်ဝယ်ယူသော တောင်သူများအား စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေး၍ တောင်သူများစားသောက်ရန်အတွက် စားသောက်စရာများ လာရောက်ဝေငှပေးခဲ့ပြီး    မုံရွာခရိုင်၊ စိုက်ပျိုးရေးဦးစီး ဌာန၊ ခရိုင်ဦးစီးမှူးမှ ယူရီးယားဓါတ်မေဩဇာများ ဖြန့်ဖြူးပေးရခြင်းနှင့် ပတ်သက်၍ ယူးရီးယား ဓါတ်မြေဩဇာ ဖြန့်ဖြူးပေးရသောသီးနှံနှင့် တောင်သူရွေးချယ်မှု အခြေအနေ၊ မြေဩဇာရရှိမှုနှင့် ရောင်းချမှုအခြေအနေ၊ မြေဩဇာအားသီးနှံပင်တွင်  ထည့်သွင်း အသုံးပြုရာ၌ ထိရောက်စွာသုံးစွဲ နိုင်ရန် မြေဆွေး၊ နွားချေး (၃) ဆနှင့် ယူရီးယား(၁) ဆ ရောနှော၍ သုံးစွဲရန် ပညာပေးဆွေးနွေးမှုများ ပြုလုပ်ပေးခဲ့ပြီး ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများမှ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ တောင်သူများအား စားစရာများနှင့် ဧည့်ခံကျွေးမွေးခြင်း၊ သောက်ရေသန့် များ စီစဉ်ထားရှိပေးခြင်း၊ တောင်သူများသက်သာစွာ နားနေနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်းများဖြင့် တောင်သူများ လာရောက်ဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံမှ မိုးစပါး၊ ဝါ၊ ဆီထွက်သီးနှံများတွင် ပိုးမွှားရောဂါကျ ရောက်ပါက ဘက်စုံကာကွယ်နှိမ်နင်းနိုင်နည်းများ PP Application အသုံးပြုနည်းများ ရှင်းလင်းခြင်းနှင့် တောင်သူများ၏ လက်ကိုင်ဖုန်းများတွင် ထည့်သွင်းပေးခြင်း၊ ခရိုင်မြေအသုံးချရေး တာဝန်ခံနှင့် ခရိုင်မျိုးစေ့တာဝန်ခံတို့မှ စစ်ကိုင်းတိုင်း ဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန Face Book တွင် တောင်သူများ Like &  Share လုပ်နိုင်ရန်အတွက် ပြသခြင်းများ  ဆောင်ရွက်ပေးခဲ့သည်။


မိုးသီးနှံစိုက်ပျိုးရာသီအတွင်း မုံရွာခရိုင်အနေဖြင့် ဩဂုတ်လအတွက် ပထမအရစ် (၃၀၀၀) အိတ် နှင့် ဒုတိယအရစ် (၃၀၀၀) အိတ် စုစုပေါင်း (၆၀၀၀) အိတ်အား တောင်သူများ လက်ဝယ်သို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချဖြန့်ဖြူးပေးခဲ့ကြောင်းနှင့်     မုံရွာခရိုင်ရှိ မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော် စသည့်မြို့နယ် (၄) မြို့နယ်အတွက် စက်တင်ဘာလခွဲတမ်း ယူရီးယား (၂၆၀၀) အိတ်အား ထပ်မံထုတ်ယူရမည်ဖြစ်ပြီး ၎င်းဓါတ်မြေဩဇာများကိုလည်း မှော်ဘီမြောင်းတကာ စက်ရုံမှ ဆက်လက်ထုတ်ယူ၍ တောင်သူများလက်ဝယ်သို့ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးရေးဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)