တနင်္ဂနွေနေ့တိုင်းပလပ်စတစ်မသုံးစွဲရေး နှင့် တောင်စွန်ဖက်၊ အင်ဖက်နှင့် စက္ကူများအသုံးပြုစေရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ကြပ်မတ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္ဂနွေနေ့တိုင်းပလပ်စတစ်မသုံးစွဲရေး နှင့် တောင်စွန်ဖက်၊ အင်ဖက်နှင့် စက္ကူများအသုံးပြုစေရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ကြပ်မတ်ဆောင်ရွက်




MNP ၊ စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့န ယ် စည်ပင်သာယာ ရေးကော်မတီမှမြို့နယ်အတွင်းရှိဈေးများကိုအ ပတ်စဉ်တနင်္ဂနွေနေ့တိုင်းပလပ်စတစ်မသုံးစွဲရေးနှင့်တောင်စွန်ဖက်၊အင်ဖက်နှင့်စက္ကူများအသုံးပြုစေရေးဌာနဆိုင်ရာများနှင့် ကွင်းဆင်းစစ်ဆေး ကြပ်မတ်ဆောင် ရွက်ခြင်းကို စက်တင်ဘာ(၂၅) ရက်နံနက် (၈)နာရီအချိန်ခန့်တွင်ပြုလုပ်ဆောင်ရွက်ကြောင်းသိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများဖြစ်သောမြို့မဈေး၊ဆိပ်ကမ်းသာဈေး၊အောင်သာယာဈေး၊ဗိုလ်ချုပ်ဈေးနှင့် ၎င်းဈေးများတွင်ဈေး၏အတွင်း၊အပြင်ဈေးရောင်း ဈေးဝယ်ပြည်သူများအနေဖြင့်အရောင်း ၊ အဝယ်ပြုလုပ်ရာတွင် ထည့်၊ထုတ်ပေးလျက်ရှိသော အသား၊ ငါး၊ ပုဇွန်များနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသုံးဆောင်ပစ္စည်းများကိုပလတ်စတစ်အိပ်များဖြင့်မပြုလုပ်ကြရန်၊ ကြာဖက်၊အင်ဖက်၊ ငှက် ပျောရွက်၊ စက္ကူများ၊ ချိုင့်အမျိုးမျိုးနှင့် ဆွဲခြင်းအမျိုးမျိုးတို့ဖြင့်သာထည့်၊ထုတ်ပေးခြင်းဖြင့် အစားထိုးသုံးစွဲကြရန် ကွင်းဆင်း၍ အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မူဖြင့် မြို့နယ်စားသုံး သူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမင်းဇော်လတ်နှင့်တာဝန်ရှိသူများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွန့်ကြားရေးမှူးမြို့နယ်အမူဆောင်အရာရှိဦးမင်းဇော်ဦးဆောင်သောအဖွဲ့များက ဈေးရောင်း၊ဈေးဝယ် ပြည်သူများကိုတစ်ပတ်လျှင် တနဂ်နွေနေ့ တစ်ရက်သာ ပလတ်စတစ်အိပ်များအသုံးမပြုရန်၊အခြားသောအစားထိုးပစ္စည်းများကို အသုံးပြုပေးကြရန် သိပညာပေးရှင်းလင်း ဆွေးနွေးပြောကြားပြီး၊ ဈေးရောင်းသူများမှဖက်ရွက်ဖြင့် စနစ်တကျ ထည့်၊ထုတ်၍ အသုံးပြုပြီးရောင်းဝယ်ပြုလုပ်နေကြသည်ကိုကြည့်ရူ့အားပေးခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်းနိုင် (မော်ကျွန်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)