ဟိုပန်မြို့နယ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ဆက်လက်ကွင်းဆင်းထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုပန်မြို့နယ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ဆက်လက်ကွင်းဆင်းထိုးနှံပေး



MNP - စက်တင်ဘာ   ၃


"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အသက်ငါးနှစ်မှကိုးနှစ်အတွင်းရှိ ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီက နောင်မိုကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ခလရ(၁၄၅)၊ ရွှေဝါကျေးရွာနှင့် ဖောင်ဆိပ်ကျေးရွာစသည့် စုရပ်နေရာများ၌ ဆက်လက်ကွင်းဆင်းထိုးနှံပေးခဲ့သည်။


ဟိုပန်မြို့နယ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသက်ငါးနှစ်မှ ကိုးနှစ်အတွင်းရှိ ကလေးငယ်(၂၄၉၃)ဦး ခန့်မှန်းထားရှိပြီး ဩဂုတ်လ(၂၄)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ကာ ယနေ့အထိကလေးငယ်(၁၇၅၉)ဦးထိုးနှံပြီးကြောင်းနှင့် ဆေးထိုးရန်ကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာများသို့လည်း ဆက်လက်ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။


သတင်း - ဇင်ဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)