(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ ငါးထပ်တိုးချဲ့ဆောင်သစ်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ ငါးထပ်တိုးချဲ့ဆောင်သစ်ဖွင့်လှစ်



MNP - စက်တင်ဘာ   ၂၉


(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးရှိ ငါးထပ်တိုးချဲ့ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဆေးရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာစစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေတို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက တိုးချဲ့ငါးထပ်ဆောင်သစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အဆိုပါဆေးရုံရှေ့တွင် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တယဝန်ရှိသူများ က ဆေးရုံဖွင့်ပွဲအထိမ်းအမှတ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြ သည်။


ယခုဖွင့်လှစ်သည့် မုံရွာမြို့ တိုးချဲ့ငါးထပ်ဆောင်သစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ အထူးအဖွဲ့ ၁၀ ကတာဝန်ယုတည်ဆောက်ခဲ့ပြီး ၂၀၂၁ ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ၁၀၀ ရာခိုင်နှုန်း လုပ်ငန်းပြီးစီးခဲ့ကာ စုစုပေါင်း လုပ်ငန်းတန်ဖိုးမှာ ငွေကျပ် ၉၁၈၀ဒဿမ ၄၃၉ သန်းဖြစ်ကြောင်း၊ မုံရွာမြို့ပြည်သူ့ဆေးရုံကြီး တိုးချဲ့ ငါးထပ်ဆောင်သစ်ဖွင့်လှစ်လိုက်ခြင်းဖြင့် မုံရွာဒေသခံ ပြည်သူများနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းနေထိုင်ကြသည့် ပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးနိုင်ရုံသာမက မုံရွာမြို့ရှိ သူနာပြုသားဖွား သင်တန်းကျောင်းမှ သင်တန်းသူများ ပြည်သူ့ဆေးရုံကြီး မုံရွာမြို့တွင်ဖွင့်လှစ်ထားရှိသည့် ဆေးဘက်ကျွမ်းကျင် ဓာတ်မှန်ဆေးစစ် သင်တန်းသားများအတွက်လည်း သင်ကြားရေး လုပ်ငန်းများတွင် အထောက်အကူပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)