သာပေါင်းမြို့နယ်တွင် (၈)ခရိုင် အမျိုးသမီးဘောလုံး အားကစားသမား အသက်(၁၈)နှစ်နှင့် အောက်၊ အသက်(၂၅)နှစ်နှင့်အောက် လူတွေ့စိစစ်ရွေးချယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် (၈)ခရိုင် အမျိုးသမီးဘောလုံး အားကစားသမား အသက်(၁၈)နှစ်နှင့် အောက်၊ အသက်(၂၅)နှစ်နှင့်အောက် လူတွေ့စိစစ်ရွေးချယ်

 


MNP - စက်တင်ဘာ   ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် (၈)ခရိုင် အမျိုးသမီးဘောလုံး အားကစားသမား အသက်(၁၈)နှစ်နှင့်အောက်၊ အသက်(၂၅)နှစ်နှင့်အောက် လူတွေ့စိစစ်‌ရွေးချယ်ပွဲကို ယနေ့ ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အားကစား ဘောလုံးကွင်း၌ ကျင်းပကြသည်။

ထိုသို့ (၈)ခရိုင်အမျိုးသမီးဘောလုံး အားကစားသမား အသက်(၁၈)နှစ်နှင့်အောက်၊ အသက် (၂၅)နှစ်နှင့်အောက် လူတွေ့စိစစ်‌ရွေးချယ်ပွဲတွင် ပုသိမ်ခရိုင် အားကစားနှင့်ကာယပညာဦးစီး ဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇံ၊ နည်းပြဆရာ၊ မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး(နည်းစနစ်မှူး) ဒေါ်ချိုသဲ၊ မြို့နယ်ပညာရေးမှူးရုံ၊ ဒုတိယ ဦးစီးမှူး (ကာယ) ဦးသာဆန်းတို့က အခြေခံပညာအထက်တန်း ကျောင်း (သာပေါင်း)၊ ဇီးဖြူကွင်း၊ ရှမ္မမြောင်၊ ထန်းဇင်လှ၊ မေရီကုန်းကျောင်းတို့မှ လာရောက်အရွေးချယ်ခံ အမျိုးသမီး ဘောလုံးအားကစားသမား အသက်(၁၈)နှစ်နှင့်အောက် အမျိုးသမီး ဘောလုံးအားကစားသမား (၂၀)ဦး၊ အသက်(၂၅)နှစ်နှင့်အောက် အမျိုးသမီးဘောလုံးအားကစားသမား (၅)ဦးတို့၏ ကိုင်ဆောင်မှတ်ပုံတင်၊ အိမ်ထောင်စုပုံစံဇယား၊ ကျောင်းအပ်ခုနှစ်တို့ဖြင့် အသက်အထောက် အထား ပြည့်စုံရေး တိုက်ဆိုင်စိစစ်၍ ဘောလုံးယှဉ်ပြိုင်ကစားကြရာ ဘောလုံးကစားစွမ်းရည် များကို ကြည့်ရှုအကဲ ဖြတ်ပြီး ၎င်းတို့အထဲမှ (၈)ခရိုင် အမျိုးသမီးဘောလုံး အားကစားပွဲအတွက် မြို့နယ်အဆင့် ကစားသမား အသက်(၁၈)နှစ်နှင့်အောက် (၁၃)ဦး၊ အသက်(၂၅)နှစ်နှင့် အောက် (၁)ဦးတို့အား ပဏာမရွေးချယ်စိစစ် လေ့ကျင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)