မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၂ဝ၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ပြည်နယ်အဆင့် အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၂ဝ၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ပြည်နယ်အဆင့် အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး



MNP ၊ စက်တင်ဘာ ၇

တိုင်းရင်းသားလူမျိူးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဦးတည်ချက်နှင့်အညီ မွန်ပြည်နယ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျင်းပရေး လုပ်ငန်းကော်မတီဝင်များ၊ အနုပညာရှင်၊ ဝါသနာရှင်များသည် ယမန်နေ့မွန်းလွဲပိုင်းက (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအမျိုးသမီးအသက် ၁၀ နှစ်မှ ၁၅ နှစ်၊ ဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအားလည်းကောင်း၊ မွန်တိုင်းရင်းသား ယိမ်းအကပြိုင်ပွဲယှဉ်ပြိုင်နေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။

မွန်ပြည်နယ်အနေဖြင့် မျိုးဆက်သစ်လူငယ်များအား အဆို၊ အက၊ အရေး၊ အတီး ဘာသာရပ်များ တွင် ထူးချွန်သူများ ပေါ်ထွန်းလာရေး မွေးထုတ်ပေးလျက်ရှိနေသလို ရွက်ပုံးသီး အနုပညာ ရှင်များကိုလည်း ဖော်ထုတ်မြှင့်တင်ပေးလျက်ပြီး မွန်တိုင်းရင်းသားရိုးရာ အနုပညာများကို လည်း ဖော်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ခင်စန်းမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)