ရန်ကုန်တိုင်းဒေသကြီး(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ


MNP - စက်တင်ဘာ   ၁၅


ရန်ကုန်တိုင်းဒေသကြီး၊ (၂၃)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသဘင်ဆောင်တွင် ကျင်းပသည်။


အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး(၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသဘင်ဂီတအစည်းအရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်ဝါသနာရှင်များ၊ မျိုးဆက်သစ်လူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက အမှာစကားပြောကြားရာ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲဆိုသော်လည်း ပြိုင်ပွဲဝင်လူငယ်မောင်မယ်များ၏ မလျော့သောဇွဲ၊ စွဲမြဲသောဝါသနာဖြင့် အနုပညာစွမ်းရည်ပြောင်မြောက်စွာ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ကြိုးစားယှဉ်ပြိုင်မှုကြောင့် အနုပညာအရည်အသွေးများသည် နိုင်ငံတော်အဆင့်မီတက်လှမ်းရန် အားရကျေနပ်ဖွယ်မြင်တွေ့ခဲ့ရကြောင်း၊ ပြိုင်ပွဲဝင်လူငယ်မောင်မယ်များအနေဖြင့် မိမိတတ်စွမ်းသောအနုပညာဖြင့် ဖျော်ဖြေရေး၊ အသိပညာပေးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရင်း ရိုးရာယဉ်ကျေးမှုအနုပညာရပ်များကို ထိန်းသိမ်းရေး၊ မြှင့်တင်ရေး၊ ထွန်းကားပြန့်ပွားရေးကိုလည်း အတွေးသစ်၊ အမြင်သစ်၊ နည်းပညာသစ်၊ ပုံစံသစ်များဖြင့် ဆက်လက်ဆောင်ရွက်သွားကြရင်း နိုင်ငံတော်၏အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို ထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်းနှင့် လာမယ့်နှစ်ပြိုင်ပွဲများတွင် စိတ်သစ်၊ လူသစ်အားထုတ်မှုအသစ်များနှင့် ကြိုးစားကြရန်ပြောကြားသည်။


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဥပဒေချုပ်ဦးဌေးအောင်က ကျေးဇူးတင်စကားပြောကြားသည်။


ထို့နောက်ရန်ကုန်တိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ၏ ပြိုင်ပွဲယှဉ်ပြိုင်ခဲ့မှုများကို Video Clip ဖြင့် ပြသသည်။


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဂုဏ်ပြုတေးဖြစ်သော “သက်ဝင်လှုပ်ရှားကြယ်ပွင့်လေးများ” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။


ထို့နောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ဘာသာရပ်အလိုက်ဆုရရှိသူများကို ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တရားသူကြီးချုပ်၊ တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များက ဆုများချီးမြှင့်ပေးအပ်ကြသည်။


ရန်ကုန်တိုင်းဒေသကြီး(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဘာသာရပ်(၂၅)မျိုး၌ ပြိုင်ပွဲဝင်အရေအတွက်(၇၃၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်(၁၁၁)ဆု၊ ငွေတံဆိပ်(၆၉)ဆု၊ ကြေးတံဆိပ်(၅၉)ဆု၊ စုစုပေါင်းဆုအရေအတွက် (၂၃၉)ဆု ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)