တနင်္သာရီမြို့၌ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီမြို့၌ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

 


MNP - စက်တက်ဘာ   ၁၅


တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်-ကျန်းမာရေးလမ်း အထက-တနင်္သာရီကျောင်းဝင်းဘေးတွင် တနင်္သာရီတပ်နယ်မှူး အမှတ် (၃၀၆) အမြောက်တပ်ရင်းမှူး ဗိုလ်မှူးထက်ကိုကိုဝင်း ဦးဆောင်သည့်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက တနင်္သာရီမြို့နေ အခြေခံပြည်သူလူထုများအား ဆန်နှင့်အခြေခံစားကုန်များ၊ ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာပြီး လွယ်ကူချောမွေ့စွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် (ဒုတိယ) နေ့အဖြစ် ဆက်လက်ရောင်းချပေးကြောင်း သိရှိရသည်။


ထိုသို့ ဈေးနှုန်းသက်သာစွာ ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် (၁၅၀၀) ကျပ်နှုန်း ဖြင့် (၁၀) ပြည်၊ ကြက်ဥ (၆) လုံးလျှင် (၁၀၀၀) ကျပ်နှုန်း၊ ငံပြာရည်တစ်လီတာ (၁) ဘူးလျှင် (၆၀၀) ကျပ်၊ ကန်ဇွန်းရွက်တစ်စီး (၁၅၀) ကျပ်၊ ချဉ်ပေါင်ရွက်တစ်စီလျှင် (၁၅၀) ကျပ်၊ ကြက်သွန်နီ (၅၀) ကျပ်သားတစ်ထုပ်လျှင် (၁၇၅၀) ကျပ်၊ ကြက်သွန်ဖြူ (၅၀) ကျပ်သား တစ်ထုပ်လျှင် (၁၈၀၀) ကျပ်နှုန်းတို့ဖြင့် အသီးသီးရောင်းချပေးခဲ့ရာ ဒေသခံမြို့နေ ပြည်သူများစည်ကားစွာ အားပေးဝယ်ယူခဲ့ကြောင်း သိရှိရသည်။


သတင်း - နန်းသာရီ~ထိန်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)