MNP ၊ စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့အင်္ဂါရပ် နှင့်အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှု ရှိစေရေး အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ၊ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာများ ၊ တပ်ရင်းတပ်ဖွဲ့များ နှင့် ပြည်သူများက မြို့ဦးကျောင်းတိုက် နှင့် နာရီစင်ခွဆုံမှ တဆင့် မြို့မဈေးကြီးအထိ လမ်း တစ်လျှောက် ယနေ့ နံနက် ၇ နာရီအချိန်က စုပေါင်း သန့် ရှင်းရေး ပြုလုပ် ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ ၊ ၊ မီးသတ် တပ်ဖွဲ့ဝင်များ ၊ ပြည်သူများ စုစုပေါင်း အင် အား ၁၀၀ ခန့်က စုပေါင်း၍ အဖွဲ့(၂)ဖွဲ့ခွဲကာ မြို့ဦးကျောင်းတိုက်အတွင်း၊အပြင် ရှိ မြက်ပင် ၊ ပေါင်ပင်၊ ၊ ချုံနွယ် များ အား သန့်ရှင်း သာယာလှပစေရေး အတွက် ခုတ်ထွင်ရှင်း လင်းပြီး ရေမြောင်း အတွင်းရှိ အမှိုက် သရိုက် များ ကို လည်း ဆယ်ယူခြင်း ၊ တံမြက်စည်းလှဲခြင်း စသည့်တို့ကို စုပေါင်း သန့်ရှင်း ရေး ပြုလုပ် ခဲ့ကြပြီး နာရီစင်ခွဆုံမှ တဆင့် မြို့မဈေးကြီးအထိ လမ်း တစ်လျှောက်တွင်လည်း ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ ပြည်သူ များ နှင့် တာဝန်ရှိ သူ များက ပလက်စတစ်အမှိုက်များ၊ စွန့်ပစ်အမှိုက်များ ကို ကောက်ယူပြီး စည်ပင် သာယာရေး အဖွဲ့က အမှိုက်သိမ်း ကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ကျော်စိန် ၊ သက်လွင်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment