မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ရုံးမှ ပြည်သူများသို့ အသိပညာပေးထုတ်ပြန်ချက်များအား အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ရုံးမှ ပြည်သူများသို့ အသိပညာပေးထုတ်ပြန်ချက်များအား အသိပညာပေးဟောပြော





MNP ၊ စက်တင်ဘာ ၂၄

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူး ရုံးမှ  နိုင်ငံသားစိစစ်ရေးကတ် နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ) နှင့်ပတ်သတ်၍  ပြည်သူများ သို့ အသိပညာပေးထုတ်ပြန်ချက်များအား အသိပညာပေးဟောပြောခြင်း နှင့် လက်ကမ်းစာစောင် များဖြန့် ဝေ ခြင်းကို ယမန်နေ့ နံနက်ပိုင်းက  အဆိုပါရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မောင်တော မြို့နယ် ဦးစီးမှူး ဦးကျော်ရှိန်က မိမိတို့ဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးထုတ်ပြန်ချက်တွင် ပြည်သူများ အ နေဖြင့် နိုင်ငံသားစိစစ်ရေးကတ် နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ) နှင့်ပတ်သတ်၍   အခက် အခဲများရှိပါက မိမိတို့ ရုံးဌာနသို့ လာရောက်ဖြေရှင်း ဆောင်ရွက် နိုင်ပါ ကြောင်း ၊  နိုင်ငံသားစိစစ်ရေး ကတ်၊   ပုံစံ ၆၆/၆ အိမ်ထောင်စုစာရင်း (အထစ)တို့နှင့် ပတ်သတ်၍ သိကောင်း စ ရာ များ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူအင်အားဝန်ကြီးဌာနမှ e-ID Biographic Registration  Software နည်းပညာဖြင့်  နိုင်ငံသားကတ် ၊ ဧည့် နိုင်ငံသား ၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြား အသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ ( ၅၂)သန်း ကျော်အား စာရင်းသွင်းပြီးဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ် နှင့် အခြားအသိ အမှတ် ပြု ကတ်များ ၊ ပုံစံ ၆၆/၆ အိမ်ထောင်စု လူဉီးရေစာရင်းများကွဲလွဲခြင်း ၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာ မြို့နယ်လဝက ရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ကြရန် နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဉပဒေနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင်လည်း အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီးဖြစ်ရာ မိဘပြည်သူများထံသို့ ထပ်ဆင့်ဖြန့် ဝေမည် ဖြစ်ကြောင်း သိရသည်။


အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)