အမ်းမြို့နယ်၌ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး





MNP ၊ စက်တင်ဘာ ၉

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အ တွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက် ကုန်ပစ္စည်းနှင့်ဟင်းသီးဟင်း ရွက် များအား သက်သာသောဈေးနှုန်းဖြင့် ‌ရောင်း ချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ် (၃) ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ဆောင် ရွက်ခဲ့သည်။

အဆိုပါ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား သက် သာသောဈေးနှုန်းဖြင့် ‌ရောင်းချပေးခြင်းကို အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်း နှင့်တာဝန် ရှိသူများက ကြည့်ရှုအားပေးပြီး တပ်နယ်မှတာဝန်ရှိသူများက ပြည်သူ များအား အခြေခံစားသောက် ကုန် ပစ္စည်း (၂၈)မျိုးများဖြစ်ကြသည့် ဆန်၊ ဆီ၊ ပဲ၊အမဲသားစည်သွတ်ဘူး၊ ကြက်အာလူး၊ ငါးတန်အချိုပေါင်း၊ မျှစ်စားတော်ပဲဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းချဉ်ဘူး၊ ငါးသလောက်ဘူး၊ သရက်သီးသနပ်ဘူး၊ ငါးပိကြော်၊ ဝတ်သား၊ ကြက်သား၊ ဒေသကြက်၊ ငါးမြစ်ချင်း၊ ငါးတန်၊ ငါးမုတ်၊ ကြက်ဥ၊  နွားနို့၊ ကန်စွန်းရွက်၊ ချဉ်ပေါင် စသည့် စားသောက်ကုန်ပစ္စည်းများနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ဆန်တစ်ပြည် ၁၆၀၀ ကျပ်၊ဆီတစ်ပိဿာ ၆၅၀၀ကျပ်၊ကြက်သားတစ်ပိဿာ ၅၇၀၀ကျပ်၊ဝက်သားတစ်ပိဿာ ၁၀၀၀၀ ကျပ်၊ကြက်ဥတစ်လုံး ၁၆၀ ကျပ်ငါးတစ်ပိသာ ၅၂၀၀ ကျပ်ဈေးဖြင့် ရောင်ချပေးလျက်ရှိရာ ဈေးဝယ်သူများဖြင့် စည် ကားစွာဝယ်ယူနေကြကြောင်းသိရှိရသည်။  


စိုးမင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)