ဒိုက်ဦးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး ဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒိုက်ဦးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး ဆွေးနွေးပွဲကျင်းပ


           

MNP - စက်တင်ဘာ   ၃


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဘုရားကြီးကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နေ့လည်၂ နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ်ဦးစီးမှူး ဦးကျော်စိုးမိုး၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်း၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာကျော်လင်း၊ ကျေးလက်လမ်းဦးစီးဌာနဦးစီးမှူး ဒေါ်နွယ်နီထွန်း၊ ငါးလုပ်ငန်းဦးစီးဌာန ဒုဦးစီးမှူး နော်ဝင်းဝင်းမေ၊ စက်မှုလယ်ဦးစီးမှူး ဦးသီဟကျော်စွာနှင့် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်သိန်းနိုင်တို့က မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက ်ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲသို့တက်ရောက်လာကြသော တောင်သူကြီးများ၏ သိလိုသည်များအား သက်ဆိုင်ရာဌာနဆိုင်ရာမှ တာဝန်ရှိသူများကလည်းကောင်း ပညာရေ းနှင့် ပတ်သက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းထွန်းက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)