ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြည်နယ်အဆင့်ပြိုင်ပွဲသို့ တက်ရောက်ကြသည့် ပညာရှင်ကြီးများနှင့် ပြိုင်ပွဲဝင်များအား ကြိုဆိုတွေ့ဆုံပွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြည်နယ်အဆင့်ပြိုင်ပွဲသို့ တက်ရောက်ကြသည့် ပညာရှင်ကြီးများနှင့် ပြိုင်ပွဲဝင်များအား ကြိုဆိုတွေ့ဆုံပွဲ








MNP ၊  စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြည်နယ်အဆင့်ပြိုင်ပွဲသို့ တက်ရောက်လာကြသည့် ပညာရှင် ကြီးများ၊ ပြိုင်ပွဲဝင်များအားကြိုဆိုတွေ့ဆုံပွဲကို ယနေ့ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အတွင်းရှိ ခရိုင်အသီးသီးမှ အနုပညာရှင်များ၊ ပြိုင်ပွဲတွင်အကဲဖြတ်ဒိုင်များ၊ ကြီးကြပ်အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။ 


တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက  ရခိုင်ပြည်နယ် အတွင်းရှိ အဆို၊ အက၊ အရေး၊ အတီး ဝါသနာရှင်များကို မြေတောင်မြှောက်ပေးသည့် အနေဖြင့် နိုင်ငံတော်မှကြီးမှူးကျင်းပသော (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ကျင်းပမည် ဖြစ်ရာ မိမိတို့နိုင်ငံ၊ မိမိတို့ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် တတ်စေရန် နှင့်လူငယ်လူရွယ်များ ယဉ်ကျေးမှု ကိုယ်ခံအားကောင်းပြီး မိမိတို့နိုင်ငံရှိ အနုပညာယဉ်ကျေးမှုများနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေး မှု၊ စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ဖော်ထုတ်ထိန်းသိမ်းနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားအား ထုတ်ပြီး ရခိုင်ပြည်နယ်၏ဂုဏ်၊ ရခိုင်လူမျိုးတို့၏ဂုဏ်ကို ဆောင်နိုင်ကြပါစေရန် ကြီးကြပ်အုပ်ချုပ်သူ များ၊ ပညာရှင်များမှတစ်ဆင့်ပြောကြားလိုကြောင်းပြောကြားသည်။


ဆက်လက်၍ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကြီးကြပ်အုပ်ချုပ်သူများ၊ ပညာရှင်များက တစ်ဦးချင်းအလိုက် မိတ်ဆက်စကားပြောကြားပြီးနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှပေးအပ်သည် လက်ဆောင်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပညာရှင်ကြီးများ၊ ကြီးကြပ် အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်များကို ပေးအပ်ကြသည်။ 


ထို့နောက် တက်ရောက်လာကြသူများက လိုအပ်သည်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားသည်။ 


ရခိုင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ တီးပြိုင်ပွဲကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ စစ်တွေမြို့ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင် အသီးသီးမှ ပြိုင်ပွဲဝင် (၁၃၆)ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်အသီးသီးအလိုက် ပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ်ကြောင်းသိရသည်။ 


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)