တာချီလိတ်မြို့၌ ရေဘေးကယ်ဆယ်ရေးအတွက် သံလှေများအား BM (သွပ်အမိုးပြားနှင့် လိပ်တံခါး) စက်ရုံမှ လှုဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

တာချီလိတ်မြို့၌ ရေဘေးကယ်ဆယ်ရေးအတွက် သံလှေများအား BM (သွပ်အမိုးပြားနှင့် လိပ်တံခါး) စက်ရုံမှ လှုဒါန်း

 


MNP - စက်တင်ဘာ   ၁၃


ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ရေဘေးကယ်ဆယ်ရေးအတွက် လူလေးယောက်စီး သံလှေ(၄) စီးကို လူမှုကူညီရေးပရဟိတအသင်းသို့ ဦးစိုင်းစိုင်း BM (သွပ်အမိုးပြားနှင့် လိပ်တံခါး) စက်ရုံမှ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါစက်ရုံ၌ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


တာချီလိတ်မြို့သည် ရေကြီးရေလျှံမှု ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ကြုံတွေ့ ရလေ့ရှိရာတွင် အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် အခက်အခဲများဖြစ်ပေါ်နေသည့်အတွက် ယခုကဲ့သို့ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။


ယနေ့လှူဒါန်းမှုကို လူမှုကူညီရေးအသင်း(၄)သင်းအား ကနဦးလှူဒါန်းခြင်းဖြစ်ပြီး၊ ဆက်လက်၍ ပရဟိတအသင်း (၆)သင်းအတွက်( ၆)စီးကို ထပ်မံလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း၊ သံလှေများကို ပရဟိတအသင်းမှ တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်း သိရသည်။


သတင်း - ယာဆေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)