ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose မထိုးနှံရသေးသည့် ဝန်ထမ်းများနှင့် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose မထိုးနှံရသေးသည့် ဝန်ထမ်းများနှင့် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံ



MNP - စက်တင်ဘာ  ၂၉


ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံးကြီး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် မထိုးနှံရနေသေးသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ယမန်နေ့ နံနက်(၁၀)နာရီမှစ၍ ကျန်းမာရေးဌာနမှဝန်ထမ်းများက ခရိုင်ပြည်သူ့ဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကို ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးများအား ထိုးနှံပေးသည်။


ကျောက်ဖြူမြို့နယ်၌ ဇူလိုင်လ ၂၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ (၈၆၆၂၀) ဦး၊ ဒုတိယအကြိမ်ထိုးနံပြီးသူ(၇၂၁၆၆)ဦး၊ ထပ်ဆောင်း တတိယအကြိမ်ထိုးနှံပြီးသူ (၃၀၃၂၈)ဦးနှင့် ထပ်ဆောင်းစတုတ္ထအကြိမ် ထိုးနှံပြီးသူ (၁၂၄၄)ဦး အထိရှိပြီဖြစ်သည်။ အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်မျှမထိုးနှံရသေးသည့် ပြည်သူများနှင့် ထပ်ဆောင်း Booster Dose ထိုးနှံရန်ကျန်ရှိသည့် ဌာနဆိုင်ရာများနှင့်ပြည်သူများအား ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


သတင်း - ဖြိုးဝေလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)