မအီမြို့ ကျော်ကိုင်းကျေးရွာအုပ်စုတွင် အသက် ၁၂ နှစ်မှ ၁၈ နှစ်အရွယ် ကျောင်းသူ/ကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့ ကျော်ကိုင်းကျေးရွာအုပ်စုတွင် အသက် ၁၂ နှစ်မှ ၁၈ နှစ်အရွယ် ကျောင်းသူ/ကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံ





MNP ၊ စက်တင်ဘာ  ၁၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျော်ကိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။


မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် ထိုသို့ ကျောင်းအခြေပြု ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ပထမအကြိမ်တွင် အသက် ၁၂ နှစ်မှ ၁၈ နှစ်အရွယ် ကျောင်သူ၊ ကျောင်းသား (၂၉၀၆) ဦးကို ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ် ယနေ့ထိုးနှံမှုတွင် (၅၈၇)ဦးကို ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။ 


ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးနှံမီကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြပြီး သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့ကြသည်။ ဆက်လက်၍လည်း ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများကို အလားတူ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကျန်းမာရေးမှူးက သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)