အုတ်တွင်းမြို့နယ်၌ ဒေသခံ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ Booster Dose ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ ဒေသခံ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ Booster Dose ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေး



MNP - စက်တင်ဘာ   ၁၇


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ ရော ဂါကူးစက်ပြန့်ပွားမှုအား ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနက ဒေသခံပြည်သူများအား နေ့စဉ် Booster Dose ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေး ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးဝန်ထမ်းများက ယမန်နေ့ နံနက် ၉နာရီအချိန်က လူစည်ကားရာ  မြို့မဈေးကြီးအတွင်းရှိ ဒေသခံပြည်သူများအား Booster Dose ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ Booster Dose ထပ် ဆောင်းကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးရာ၌ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့များက လိုအပ်သည်များကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကင်းဝေးစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား ကျန်းမာရေးဝန်ထမ်းများက နေ့စဉ်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ဒေသခံပြည်သူများအနေဖြင့် မဖြစ်မနေ ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း(Mask)တပ်ဆင်သွားလာနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ပေးပြီးကာကွယ် ဆေးထိုးနှံပေးခြင်းကိုဈေးရပ်ကွက်ရှိ ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း ပိတ်ရက်မရှိ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ခင်ခင်မာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)