အုတ်တွင်းမြို့နယ် ကျောင်းရှစ်ဆယ်ဈေးအတွင်းရှိ ဈေးရောင်း၊ဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ Booster Dose ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ် ကျောင်းရှစ်ဆယ်ဈေးအတွင်းရှိ ဈေးရောင်း၊ဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ Booster Dose ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေး




MNP - စက်တင်ဘာ   ၂၀


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဒေသခံပြည်သူများအား နေ့စဉ် Booster Dose ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လူစည်ကားရာ ကျောင်းရှစ်ဆယ်ဈေးအတွင်းရှိ ဈေးရောင်း၊ဈေးဝယ် ပြည်သူများအား Booster Dose ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ Booster Dose ထပ်ဆောင်းကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့များက လိုအပ်သည်များကို ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအား ကျန်းမာရေးဝန်ထမ်းများက နေ့စဉ်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ဒေသခံပြည်သူများအနေဖြင့် မဖြစ်မနေ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် သတ်မှတ်နေရာ အသီးသီးတွင် ပိတ်ရက်မရှိ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ခင်ခင်မာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)