ပေါက်တောမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းနှင့်အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား/သူ(၆၇၄၄)ဦးအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးပြီးဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်တောမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းနှင့်အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား/သူ(၆၇၄၄)ဦးအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးပြီးဖြစ်



MNP ၊  စက်တင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းမျးရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  နှစ်ကြိမ်ထိုးနှံပြီးစီးသော အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းနှင့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းကျောင်းသား/သူများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို  ယမန်နေ့  နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ဆက်လက်ထိုးနှံပေးခဲ့ကြသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး မြို့နယ်ကုသရေးဦးစီးမှူး ဦး ဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ် ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ လာရောက် ထိုးနှံကြသည့် ကျောင်းသား/သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း ကျန်းမာ ရေး စစ် ဆေးခြင်းများကို ဆောင် ရွက် ပေးကာ ပုံမှန် အခြေ အနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့်စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွါခွင့်ပြုခဲ့သည်။ 

အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ကအသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းနှင့် (၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/သူ(၈၂၅)ဦးတို့အား ဆက်လက်ထိုးနှံပေးပြီးဖြစ်ကာ ထိုးနှံပြီးသူစုစုပေါင်း စက်တင်ဘာလ(၁၄)ရက်နေ့အထိ (၆၇၄၄)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၉၁.၁၂)ရာခိုင်နှုန်းကို ကျန်းမာရေး ဝန်ကြီး ဌာန၏ လမ်းညွှန် ချက် များနှင့်အညီ ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)