ကန်ကြီးထောင့်မြို့နယ်တွင် Booster(Sinovac)၊ Sinopharn၊ Covaxin၊ Sinovac ကာကွယ် ဆေးများရာနှုန်းပြည့် ပြီးစီးရေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်တွင် Booster(Sinovac)၊ Sinopharn၊ Covaxin၊ Sinovac ကာကွယ် ဆေးများရာနှုန်းပြည့် ပြီးစီးရေး ဆက်လက်ထိုးနှံပေး

 




MNP - စက်တင်ဘာ   ၁၉


ကန်ကြီးထောင့်မြို့နယ်တွင် (၁၉- ၉-၂၀၂၂) ရက်နေ့  နံနက် (၉) နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က (၁)တွင်  ကျောင်းသား ကျောင်းသူ လေးများအား Sinopharm/Sinovac ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီး သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac)အား ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဆက်လက်ပြီး ကာကွယ်ဆေးထိုးနှံရာတွင် Covidshield နှင့် Sinopharm/sinovac ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လ ပြည့်ပြီးသူ ပြည်သူများအား ကျေးရွာအုပ်စု ကျန်းမာရေးဌာနများက  သတ်မှတ် စုရပ်များတွင် Sinopharn နှင့် Sinovac ကာကွယ်ဆေးများကို ရာနှုန်းပြည့်ပြီးစီးရေး အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိပြီး၊  ပထမအကြိမ် အသက် ၁၈ နှစ်အထက်များအား (Covaxin)၊ အသက် ၁၅ နှစ်မှ ၁၈ နှစ်အထက် ကျောင်းပြင်ပကလေးများအား (Sinovac) ကာကွယ်ဆေးများအား ထိုးနှံဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။


ထို့အပြင် ယနေ့တွင် ကန်ကြီးထောင့်မြို့နယ် ကျန်းမာရေးဦးစီးဌာန မှ ဆပ်ကွင်း အ.ထ.က၊ သဲဖြူ ဘုန်းတော် ကြီးကျောင်းနှင့် ရှမ်းငူ အ.ထ.က ခွဲတို့တွင် အသက်(၅)နှစ်မှ အသက် (၉)နှစ်အတွင်း ကျောင်းသား ကျောင်းသူ များအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးအား  ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ကြသူများအား လွယ်ကူချောမွေ့စွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးမှူး၊ ရပ်မိရပ်ဖများ၊ ပရဟိတအဖွဲ့များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေးခြင်း၊ ခြောက်ပေအကွာမှာ စောင့်ဆိုင်းစေခြင်း၊ ကိုဗစ်ဆေးထိုးနှံပြီးပါက စောင့်ကြည့်ခြင်းတို့ကို ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။


သတင်း - မဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)