မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ Cast For Work စီမံကိန်းဖြင့်ဆောင်ရွက်သော ကွန်ကရစ်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ Cast For Work စီမံကိန်းဖြင့်ဆောင်ရွက်သော ကွန်ကရစ်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး




MNP - စက်တင်ဘာ   ၁၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် Cast For Work စီမံကိန်းဖြင့် အေးကျန့်ကျေးရွာအုပ်စု၊ မွန်နိုးကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကွန်ကရစ် လမ်းခင်းကျင်းခြင်းလုပ်ငန်းအား  မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့က မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းမင်း၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များက အေးကျန့်ကျေးရွာအုပ်စု၊ မွန်နိုးကျေးရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော (၅၀၀’x ၁၂x ၆) ထုရှိ ရွာတွင်းလမ်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို အရည်အသွေးပြည့်မီစွာနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကာ လိုအပ်သည်များကို မှာကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်က သိရှိလိုသည်များ လိုက်လိုက်လံ ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းရွှေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)