MNP ၊ စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများ လုပ်ငန်းခွင် အတွင်း အထောက်အကူပြုသင်တန်း ဖြစ်သည့် အခမ်းအနားမှူးသင်တန်း(၁/၂၀၂၂)ကို စက်တင်ဘာ ၁၈ ရက်နံနက် ၉ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုခန်းမ(Community Centre) ၌ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုး(မြို့နယ် အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကားပြောကြားပြီး ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းအစီအမံများကို ပြောကြားခဲ့သည်။
ယင်းနောက်သင်တန်းကိုပို့ချရာမြို့နယ် စာပေချစ်သူများအဖွဲ့ဝင် ဦးတင်ထွေး မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးအရာရှိ(ငြိမ်း) က MC တစ်ဦးတွင်ရှိရမည့် အဓိကအရည်အချင်းများ၊အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီဝင်း က အသုံးအနှုန်းဝေါဟာရများကို မှန်ကန်စွာသုံးစွဲပြောကြား ခြင်း၊မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်ကကြိုတင်ပြင်ဆင်ခြင်း ၊အခမ်းအနား တစ်ခုအောင်မြင်စွာ ကျင်းပခြင်း နှင့်လက်တွေ့ဆန်းစစ်ချက်များအား (၃)ရက်ကြာပို့ချသွားမှာဖြစ်သည်။
သင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးမှဝန်ထမ်းများ ၊မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်း(၂၀)ဦးတက်ရောက်ခဲ့
ကြောင်းသိရသည်။
ဝင်းမောင်(ကျိုက်ထို)
https://t.me/MyanmarNationalPost


No comments:
Post a Comment