ကမမောင်းမြို့တွင် ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေးအတွက် ကိုးနဝင်းဘုန်းတော်ကြီး ကျောင်း၌ကျောင်းသား၊ကျောင်းသူများအား Covid -19 RDT စစ်ဆေးမှုဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမမောင်းမြို့တွင် ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေးအတွက် ကိုးနဝင်းဘုန်းတော်ကြီး ကျောင်း၌ကျောင်းသား၊ကျောင်းသူများအား Covid -19 RDT စစ်ဆေးမှုဆောင်ရွက်ပေး

 



MNP - စက်တင်ဘာ   ၁၉


ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား Covid-19 RDTစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်း(၁၁)နာရီချိန်က စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။


ကမမောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွား/သေဆုံးမှုကို လျှော့ချနိုင်ပြီး ကလေးငယ်များ ပညာသင်ယူခွင့် အခွင့်အလမ်းများ ကောင်းစွာရရှိရေးအတွက်ရည်ရွယ်၍ ဘုန်းတော်ကြီးကျောင်းနှင့် အခြေခံပညာကျောင်းအသီးသီးတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကိုအရှိန်အဟုန်မြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 အဆိုပါ Covid -19 RDTစစ်ဆေး‌ပေးရာတွင် ကမမောင်းမြို့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးသန်းကျော်သူက ကမမောင်းမြို့၊ ကိုးနဝင်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ(၁၈၇)ဦးအား  စစ်ဆေးရာတွင် ကျောင်းသူ(၂)ဦး Covid-19 ရောဂါ ပိုးတွေ့ ရှိခဲ့ပြီး အဆိုပါပိုးတွေ့လူနာများအား သီးသန့်ဘော်ဒါဆောင်တွင်ထားရှိကြောင်း သိရသည်။


သတင်း - တင်တင်လှ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)