နေပြည်တော်၏ Digital Transformation လုပ်ငန်းစဉ်၌ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၊ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်နိုင်ရေး ဖိတ်ခေါ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်၏ Digital Transformation လုပ်ငန်းစဉ်၌ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၊ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်နိုင်ရေး ဖိတ်ခေါ်



MNP ၊ စက်တင်ဘာ ၂၂

နေပြည်တော်၏ Digital Transformation လုပ်ငန်းစဉ်၌ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၊ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်နိုင်ရေး နေပြည်တော် မြို့တော်ဝန် ဦးတင်ဦးလွင်က ဖိတ်ခေါ်လိုက်သည်။


ယမန်နေ့ ညနေပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ ကျင်းပပြုလုပ်သည့် International Forum Kazan Digital Week - 2022 ၏ Mayor's Round Table ဖိုရမ်သို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်သည် Online ဖြင့် တက်ရောက် မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။


International Forum Kazan Digital Week – 2022 ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ စက်တင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပလျက်ရှိကြောင်း၊ Mayor's Round Table ဖိုရမ်ကို "Digital Transformation of the City Management (မြို့တော်များ၏ စီမံခန့်ခွဲမှုအား Digital အသွင်ပြောင်းခြင်း)" ခေါင်းစဉ်ဖြင့် စက်တင်ဘာလ ၂၁ ရက်နေ့က သီးခြားကျင်းပခဲ့ရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်က နေပြည်တော်မြို့တော်၏ စီမံခန့်ခွဲအုပ်ချုပ်မှုကို Digital နည်းပညာဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်း၍ Corruption Prevention Unit (CPU) ဖွဲ့စည်းပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ICT နည်းပညာအသုံးပြု၍ ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ စည်ပင်သာယာရေးလုပ်ငန်းနှင့် ပတ်သက်သည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေမှုရှိ၊ မရှိကို Onlineမှ တစ်ဆင့် ပြည်သူလူထုထံမှ သဘောထားမှတ်ချက်များ ရယူဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုလုပ်ငန်းများကို Digital နည်းပညာအသုံးပြု၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အများပြည်သူဝန်ဆောင်မှု လုပ်ငန်းများတွင် e-Government စနစ် အကောင်အထည် ဖော်လျက်ရှိသည့် အခြေအနေ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီသို့ ပေးဆောင်ရန်ရှိသည့် ရေဖိုးရေခများကို e-Payment စနစ်ဖြင့် ပေးဆောင်နိုင်သည့် အခြေအနေ၊ နေပြည်တော်ကို Safe City အဖြစ် တည်ဆောက်လျက်ရှိသည့် အခြေအနေနှင့် နေပြည်တော်အတွက် GIS Database တည်ဆောက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဖိုရမ်သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူကီယဲသမ္မတနိုင်ငံ၊ မော်လ်ဒိုဗာနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံတို့မှ မြို့တော်ဝန်များနှင့် အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)