ပြင်ဦးလွင်မြို့ကို ချယ်ရီမြို့တော်ဖြစ်စေရေး၊ ကလောမြို့ကို ထင်းရှူးမြို့တော်ဖြစ်စေရေး ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့ကို ချယ်ရီမြို့တော်ဖြစ်စေရေး၊ ကလောမြို့ကို ထင်းရှူးမြို့တော်ဖြစ်စေရေး ဆောင်ရွက်လျက်ရှိ



MNP ၊ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ် တောင်ကြီးခရိုင်၊ ကလောမြို့နယ် ဟဲဟိုး-ဘော်ဆိုင်း ကားလမ်းဘေး ဝဲ/ယာ စိမ်းလန်း စိုပြည်ရေး၊ ပြင်ဦးလွင်မြို့ကို ချယ်ရီမြို့တော်ဖြစ်စေရေး၊ ကလောမြို့ကို ထင်းရှူးမြို့တော်ဖြစ်စေရေး၊ မကွေးတိုင်းဒေသကြီးအတွင်းနှင့် ဧရာဝတီမြစ်အနောက်ဘက်နယ်မြေအား သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။


ယနေ့ နံနက်ပိုင်း သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပသော သစ်တောဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယ(၆လ) မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။


ဆက်လက်၍ သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ ဒီရေတောစိုက်ခင်းနှင့် ကျေးရွာသုံး ထင်းစိုက်ခင်များ တည်ထောင်ခြင်း၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ၊ သဘာဝဒီရေတောများနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများအား ထိန်းသိမ်းကာကွယ်ခြင်း၊ ရေဝေရေလဲဒေသ ထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်စောင့်ရှောက်ခြင်း၊ ဂေဟစနစ်ထိန်းသိမ်းခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီး နောင်အနာဂတ်မျိုးဆက်များအတွက် သစ်တောသယံဇာတများ ထာဝစဉ် စဉ်ဆက်မပြတ်ထောက်ပံ့နိုင်ရေး လက်ဆင့်ကမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။


ထို့ပြင် နိုင်ငံတော်၏ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးအတွက် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် မိုးရာသီတွင်တည်ထောင်မည့် သစ်တောစိုက်ခင်းများနှင့် လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးနိုင်ရေးအတွက်လိုအပ်သော အမြင့် ၂ ပေအထက် ပျိုးပင်များ လုံလောက်စွာရရှိနိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရန်လိုကြောင်း။


တရားမဝင်သစ်ကိစ္စများနှင့်ပတ်သက်၍ ဆက်စပ်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ သတင်းရယူပြီး ဖော်ထုတ်ဖမ်းဆီးရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ပြည်ပသို့ တရားမဝင်သစ်ခိုးထုတ်ရာ ပင်လယ်ထွက်ပေါက်နေရာများကို အထူးအလေးထား ကြပ်မတ်စစ်ဆေးပေးရန်လိုကြောင်း၊ မြန်မာနိုင်ငံရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများတွင် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည် တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် စီမံကိန်းကို သဘာဝထိန်းသိမ်းရေး နယ်မြေ (၁၉) ခုတွင် အောင်မြင် အကျိုးရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့်အညီနေထိုင်ပြီး မိမိတို့၏ ဝန်ထမ်းအဖွဲ့အစည်းအတွင်း မိသားစုစိတ်ဓာတ်ဖြင့် ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက‌ ဆက်လက် ပြောကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံများက ကဏ္ဍအလိုက် ၂၀၂၃ မိုးရာသီတွင် အကောင်အထည်ဖော်မည့် လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်က ဖြည့်စွက် ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။


အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ခရိုင်တာဝန်ခံများ တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)