ကိုကျော်စိုးဦးသည် အကြမ်းဖက်လှုံ့ဆော်သူမဟုတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုကျော်စိုးဦးသည် အကြမ်းဖက်လှုံ့ဆော်သူမဟုတ်



ယမန်နေ့ ညက ကိုကျော်စိုးဦး ကို အမှုဖွင့်ထားကြောင်း၊ ကိုကျော်စိုးဦး၏ သတင်းရုပ်သံတက်မလာသဖြင့် အသိမိတ်ဆွေတစ်ဦးက လှမ်းမေးသည်။ ကျွန်တော်မသိရှိရသေးကြောင်း၊ စုံစမ်းကြည့်အုံးမည်ဟုသာ ပြောလိုက်သည်။ ယနေ့ နံနက် ကိုကျော်စိုးဦး ထံ ဖုန်းဆက်သည်။ ဖုန်းမကိုင်သဖြင့် ဖြစ်နိုင်ခြေများသည်ဟု ယူဆမိသည်။

ကိုကျော်စိုးဦး ၏ အမျိုးသမီးထံ ဆက်သွယ်မေးမြန်းရာတွင်လည်း မေးမြန်းရန်ရှိသဖြင့် ခဏလာရောက်ပေးရန် ခေါ်ခြင်းကြောင့် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်းပြောသည်။ အခြားကိစ္စများနှင့် ပတ်သက်၍ ကိုကျော်စိုးဦး ၏ ဇနီးက မပြောပေ။

ယနေ့ ၂၁-၃-၂၀၂၃ ရက်နေ့ ညနေ (၆ ၀၀)နာရီဝန်းကျင်ခန့်တွင် ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Myanmar Now မှ "စစ်တပ်ထောက်ခံသူ People Media မှ ကိုကျော်စိုးဦးကို စစ်တပ်ပြန်ဖမ်း၊ နေပြည်တော်အချုပ်ထောင်သို့ပို့" ဟု ခေါင်းစဉ်တပ်၍ အတိအကျ ရေးသားထားသည်။

ထိုသို့ သိရပြီး ကိုကျော်စိုးဦး၏ ဇနီးထံ ဆက်သွယ်မေးမြန်းရာ သူ့ကို ခေါ်သွားတဲ့သူတွေက ကိုကျော်စိုးဦးကိစ္စ မတင်ပါနဲ့၊ သတင်းဌာနက သတင်းတင်စရာရှိတာ ဆက်တင်ပါဆိုလို့ ကျွန်တော်မတို့ ကိုကျော်စိုးဦးနဲ့ ပတ်သက်တဲ့ သတင်းဘယ်သူ့ကိုမှလည်း မပြောဘူး။ အခု ကိုနောင်တော်လေး ဆက်လို့သာ Myanmar Now က အပြည့်အစုံတင်ထားပြီဆိုတော့ ကျွန်တော်မတို့ကတော့ ဘယ်သတင်းဌာနမှ မပြောဘူး။ ကိုယ်ကိစ္စ ကိုယ်ရှင်းဖို့ပဲ။ ကျွန်မမှာလည်း သူ့ကို ဘယ်လိုက်တွေ့ရမလဲဆိုတာပဲ ခေါင်းထဲရှိတယ်။

ပြည်ဖျက်မီဒီယာ သတင်းအတိအကျ ဘယ်သူပို့သလဲ။ တာဝန်ရှိသူများ စဉ်းစားရန်သာ ဖြစ်သည်။ ကျွန်တော်က သတင်းဖော်ပြရန် ကိုကျော်စိုးဦး၏ ဇနီးထံ ခွင့်တောင်းသည်။ ကိုကျော်စိုးဦး၏ ဇနီးမှာ ဗျာများနေရသည်။

ပြည်ဖျက်မီဒီယာ Myanmar Now က ကိုကျော်စိုးဦး အား တာဝန်ရှိသူများက ထိန်းသိမ်းလိုက်ပုံကို ခရေစေ့တွင်းကျ ရေးသားထားပုံက သတင်းရောင်းစားသလား သံသယဖြစ်စရာဖြစ်ရှိသည်။

Myanmar Now ၏ ရေးသားဖော်ပြချက်တွင် "နေပြည်တော်အခြေစိုက် စစ်တပ်ယိမ်းသတင်းဌာနတစ်ခုဖြစ်သည့် People Media ၏ အယ်ဒီတာချုပ် ကိုကျော်စိုးဦးသည် စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနကို ဝေဖန်မှုဖြင့် ပြီးခဲ့သည့် အင်္ဂါနေ့ညပိုင်းက ဖမ်းဆီးခံလိုက်ရပြီး ယနေ့ ညနေပိုင်းတွင် နေပြည်တော်အချုပ်ထောင်သို့ ပို့လိုက်ကြောင်း သတင်းရရှိသည်။ ၎င်းကို ဆူပူအောင်လှုံ့ဆော်မှုဖြင့် စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာနက တရားလိုလုပ်ကာ အမှုဖွင့်ထားသည်ဟု ကနဦးသိရှိရသည်။

People Media နှင့် Kyaw Soe Oo အမည်တို့ဖြင့် တယ်လီဂရမ်တွင် စစ်ကောင်စီ၏လုပ်ရပ်များကို ထောက်ခံကြောင်း မကြာခဏ ပြောကြားလေ့ရှိသည့် ကိုကျော်စိုးဦးသည် မတ်လ ၁၈ ရက်နေ့ ညပိုင်းက ၎င်းလွှင့်တင်ခဲ့သည့် ရုပ်သံတစ်ခုအတွက် ဖမ်းခံရခြင်းဖြစ်သည်ဟု Myanmar Now က နားလည်ထားသည်။

ထိုရုပ်သံတွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် တိုက်ပွဲတွင် သေဆုံးသွားသည့် ရဲအုပ်နေလင်းဟိန်း၏နာရေးသို့ အထက်လူကြီးများက သွားရောက်ခြင်းမရှိဟုဆိုကာ ၎င်းက စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာနကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ၎င်းကို နေပြည်တော်၏ စစ်ကြောရေးစခန်းတစ်ခုတွင် ၂ ရက်ကြာ ထိန်းသိမ်းထားပြီးနောက် ယနေ့ မွန်းလွဲပိုင်းတွင် ဇဗ္ဗူသီရိမြို့နယ်တရားရုံးသို့ Toyota Hiace အမျိုးအစား ယာဉ်တစ်စီးဖြင့် ရုံးထုတ်လာကာ၊ ချုပ်ရမန်ယူပြီးနောက် ညနေပိုင်းတွင် နေပြည်တော်အချုပ်ထောင်သို့ ပို့လိုက်ခြင်းဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူက အတည်ပြုသည်။ တရားလိုမှာ ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲအရာရှိတစ်ဦးဖြစ်ပြီး ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲထားကြောင်း သိရသည်။ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ မြို့မဈေးအနီးတွင် ဖွင့်လှစ်ထားသော People Media ရုံးသို့ မှုခင်းရဲတပ်ဖွဲ့ဝင်များ ယနေ့နံနက်ပိုင်းက ရောက်ရှိလာပြီး ရုံးခန်းအတွင်းရှိ ကွန်ပျူတာများ၊ ကင်မရာများ၊ ဖုန်းများကိုလည်း သိမ်းဆည်းသွားသည်။ People Media ၏ သတင်းထုတ်လွှင့်မှုသည် ယနေ့တွင် ရပ်တန့်နေသည်။" အတိအကျ ရေးသားဖော်ပြထားခြင်းက  ပြည်ဖျက်မီဒီယာကို ဘယ်သူ သတင်းပေးသလဲ။ စဉ်းစားကြပါကုန်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ် နံပါတ်(၁)တွင် "လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေးအပြည့်အဝ ရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်။" ဟု ချမှတ်ထားသည်။ ပြည်ဖျက်မီဒီယာများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ  လုပ်ကြံဖန်တီးရေးသားဖော်ပြမှုများဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဖန်တီးသည်။

People Media မှ ကိုကျော်စိုးဦး၊ ကျွန်တော် Myanmar National Post နှင့် အခြားသော မီဒီယာအချို့က တည်ငြိမ်အေးချမ်းရေးကို ရှေးရှု၍ ပြည်ဖျက်မီဒီယာများ၏ လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုများကို တုန့်ပြန်ကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီ၏ ရှေ့လုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် ယန္တရားအတွင်း လစ်ဟာမှုများ ဖြစ်ပေါ်နေသည်တို့ကို ထောက်ပြပြောဆိုကြသည်။ တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေးအပြည့်အဝ ရရှိလာအောင် အလေးထားဆောင်ရွက်နိုင်ရန် ဆွေးနွေးတင်ပြ ပြောဆိုကြသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ကျွန်ုပ်တို့အနေဖြင့် မဲလိမ်မဲခိုး၍ အချုပ်အခြာအာဏာကို သိမ်းပိုက်ရန် ကြိုးစားခဲ့သော ပြည်ဖျက်ပါတီ NLD ဦးဆောင်သူများ၏ အကြမ်းဖက်လုပ်ရပ်များကို အလေထားကာကွယ်ရန်၊ တာဝန်ရှိသူများ၏ ကူညီစောင့်ရှောက်မှု လိုအပ်နေသော အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများအတွက် မိမိတို့ လက်လှမ်းမီသမျှ အလေးထား ဖော်ထုတ် တင်ပြပေးခဲ့ကြသည်။

People Media မှ ကိုကျော်စိုးဦးသည်လည်းကောင်း၊ Myanmar National Post မှ ကျွန်တော် နောင်တော်လေး အနေဖြင့် လည်းကောင်း အကြမ်းဖက်အဖွဲ့အစည်းများကို အားပေးထောက်ခံ၍ လှုံ့ဆော်နေခြင်းမရှိ။ တပ်မတော်၏ အုပ်ချုပ်ရေးယန္တရားပျက်ပြားအောင် ဆောင်ရွက်ခဲ့ခြင်းမရှိ။ အုပ်ချုပ်ရေးယန္တရားအတွင်း မလိုလားအပ်သော ဆောင်ရွက်ချက်များတွေ့မြင်ကြားသိရပါက ဆွေးနွေးတင်ပြခြင်းသည် တပ်မတော်၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားအောင် လှုံ့ဆော်ခြင်းမဟုတ်ပါ။ ဤမှန်ကန်သော သစ္စာစကားကြောင့် People Media မှ ကိုကျော်စိုးဦး အပေါ် စွဲဆိုထားသော အမှုမှ အမြန်ဆုံးလွတ်မြောက်ပါစေ။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)