ငပုတောမြို့၌ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့၌ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်




ငပုတော မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ကျင်အေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးဦးစီးဌာနမှ ဒေါက်တာ စိုးစန္ဒာမြင့်က ကလေးငယ်များ၏ ကျောင်းကျန်းမားရေး စစ်ဆေးမှုအသုံးပြုခြင်းဆိုင်ရာများနှင့် သင်တန်းတွင် ပို့ချသွားမည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို မတ်လ(၂၁)ရက်နေ့မှ မတ်လ (၂၂)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း (၅၂၈)ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


အောင်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)