ဒဂုံတောင် မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၌ အခြေခံကင်းထောက်လူငယ်သင်တန်း အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ၆၄ ရပ်ကွက် ပြည်ထောင်စုလမ်းရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုက အမှာစကားပြေကြားရာတွင် အခြေခံကင်းထောက် လူငယ်သင်တန်း ဖွင့်လှစ်ရန်စီစဉ်ထားမှုအခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးမည့် အခြေအနေများ၊ လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဖွင့်ပွဲအတွက်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ကျွေးမွေးဧည့်ခံရေးဆောင်ရွက်မှု အခြေအနေများတွင် စနစ်တကျဆောင်ရွက်ရေးနှင့် ဖွင့်ပွဲအခမ်းနားကျင်းပရာတွင် ခမ်းခမ်းနားနားဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ယင်းနောက် ဒဂုံမြို့သစ်ခရိုင်ပညာရေးမှူး ဦးငွေသူရ၊ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပညာရေးမှူးများ၊ သင်တန်းဖွင့်လှစ်မည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်လှစ်ရန် ဆောင်ရွက်ထားရှိမှုများ ဖွင့်ပွဲအခမ်းအနားအတွက် ပြင်ဆင်ထားမှုများ၊ ဖွင့်ပွဲအခမ်းအနားအစီအစဉ်များကို အသေးစိတ်ရှင်လင်းတင်ပြကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုက လုပ်ငန်းစဉ်တစ်ခုခြင်းအလိုက် ဆောင်ရွက်ရန်များ အသေးစိတ်မှာကြားပြီး သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက အနီးကပ်ကြီးကြပ်တာဝန်ယူဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သန်းသန်းအေး
https://t.me/MyanmarNationalPost
No comments:
Post a Comment