ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်လှစ်


ကန်ကြီးထောင့် မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက် (၉)နာရီခွဲအချိန်က ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းစိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညွှန့်အောင်က ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာများနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာများအား ဆွေးနွေးသင်ကြားပို့ချခဲ့သည်။ အဆိုပါ သင်တန်းအား ကျောင်းကျန်းမာရေးစစ်ဆေးချိန်တွင် ကျောင်းသား/သူ တစ်ဦးချင်းစီအတွက် စစ်ဆေးတွေ့ရှိချက် များကို စနစ်တကျမှတ်တမ်းတင်ထားနိုင်ရန်၊ ကျောင်းသားမိဘများနှင့် ဆရာ၊ ဆရာမများမှ ကျောင်းသား/သူများတွင်အဖြစ်များသော ရောဂါကျန်းမာရေးပြဿနာများကို ဖော်ထုတ်သိရှိနိုင်စေရန်၊ မိဘများသို့ အသိပေးခြင်း၊ အချိန်မီလွဲပြောင်းကုသခြင်း၊ ကျန်းမာရေးဌာနနှင့် ချိတ်ဆက်၍ လိုအပ်သည့် စောင့်ရှောက်မှုများကိုရယူရန်၊ ကျောင်းသားမိဘများနှင့် ဆရာ၊ ဆရာမများက ကျန်းမာ ရေးကို ပိုမိုစိတ်ဝင်စားလာစေရန်၊ ကျောင်းကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို မိဘများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမ (၃၉၈)ဦး တက်ရာက်ခဲ့ပြီး သင်တန်းကာလအား ၂၀၂၄ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


ကျော်ဇင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)