MNP ၊ စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာ နှင့် အလ္လကပ္ပကျေးရွာ ကြားမှာ ဒီနေ့ စက်တင်ဘာ ၁၂ ရက် နေ့လည် ၂ နာရီကျော်က မုံရွာ ကနေ စစ်ကိုင်းဘက်ကိုသွားတဲ့ စစ်ကောင်စီတပ်သားအပြည့်ပါ ကွန်တိန်နာယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်လို့ DVB TV News Page က တင်ထားပါတယ်။
အဆိုပါ ရေးသားဖော်ပြချက်သည် DVB သတင်းဌာန၏ လုပ်ကြံသတင်းတစ်ခုသာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ စစ်ကိုင်းတိုင်း မြင်းမူမြိုနယ် ဝမ်းပြည့်ကျေးရွာ နှင့် အလ္လကပ္ပကျေးရွာ ကြားမှာ စကစတပ်ဖွဲများအား PDF များမှ မိုင်းဆွဲတိုက်ခိုက်တဲ့ ဖြစ်စဉ်မရှိခဲ့ကြောင်း ဒေသခံသတင်းများအရ သိရှိရပါတယ်။ DVB TV News Page မှ ဖြစ်စဉ်မရှိဘဲ လိမ်ညာရေးသားကာ ဝါဒဖြန့်ထားတဲ့ လုပ်ကြံသတင်း တစ်ခုဖြစ်ပါတယ်။
DVB သတင်းဌာန ဟာ ပြည်ဖျက်မီဒီယာအုပ်စုထဲက မီဒီယာတစ်ခုဖြစ်ပြီး မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားဖော်ပြမှုများကို အစဉ်တစိုက် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
https://t.me/MyanmarNationalPost

No comments:
Post a Comment