လားရှိုးမြို့တွင် ‘Gender/ CEDAW/ NSPAW/ UNSCR 1325’ အသိပညာပေးခြင်းနှင့် လားရှိုးခရိုင် အမျိုးသမီးကော်မတီအစည်းအဝေး(၁/၂၀၂၂)ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် ‘Gender/ CEDAW/ NSPAW/ UNSCR 1325’ အသိပညာပေးခြင်းနှင့် လားရှိုးခရိုင် အမျိုးသမီးကော်မတီအစည်းအဝေး(၁/၂၀၂၂)ကျင်းပပြုလုပ်



MNP - စက်တင်ဘာ   ၂


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က လားရှိုးခရိုင်လူမှုဝန်ထမ်းရုံးမှ Gender, CEDAW, NSPAW, UNSCR 1325 အသိပညာပေးခြင်းနှင့် လားရှိုးခရိုင် အမျိုးသမီးကော်မတီ အစည်းအဝေး (၁/၂၀၂၂) ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် လားရှိုးခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ လားရှိုးခရိုင် အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ လားရှိုးခရိုင် လူမှုဝန်ထမ်းရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း က ကျား/မ ရေးရာ အခြေခံသဘောတရားများ (Gender)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (CEDAW)၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)(NSPAW) စသည့်အကြောင်းအရာများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးရာ တက်ရောက်လာသော အမျိုးသမီးကော်မတီဝင်များက ပါဝင်အားဖြည့်ဆွေးနွေးခဲ့ကြသည်။


ထို့နောက် လားရှိုးခရိုင် အမျိုးသမီးကော်မတီအစည်းအဝေး(၁/၂၀၂၂) ဆက်လက်ဆောင်ရွက်ခဲ့ကြပြီး လားရှိုးခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အမျိုးသမီးကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)