မိုးညှင်း၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် Gender, CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေးဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညှင်း၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် Gender, CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေးဆွေးနွေး



MNP - စက်တင်ဘာ   ၉


ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးခန်းမ၌ ခရိုင်၊ မြို့နယ်အမျိုးသမီး‌ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှု‌ရေးအသင်းအဖွဲ့ဝင်များအား Gender, CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မိုးညှင်းခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က အမှာစကားပြောကြားရာမှာ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း CEDAW ကို ၁၉၉၇ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့အတွက် စာချုပ်အဖွဲ့ဝင်နိုင်ငံ ဖြစ်တာနဲ့အညီ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးအခွင့်အရေး မြှင့်တင် ဖေါ်ဆောင်တဲ့ လုပ်ငန်းများ ဆောင်ရွက်ရာမှာ မူဝါဒ (၄)ရပ်၊ လုပ်ငန်းတာဝန် (၁၂)ရပ် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိသလို အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း NSPaw ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။


ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်က အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း CEDAW၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း NSPAW နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့နည်းရေးအတွက် Gender နှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက် လုပ်ဆောင်ရမည့် အချက်များကို သင်တန်းသားသင်တန်းသူ ၅၀ ဦးအား ရှင်းလင်း ပြောကြားကာ သင်တန်းသား သင်တန်းသူများမှ သိရှိလိုသည်များ ဆွေးနွေးမေးမြန်း ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)