ကျိုင်းတုံမြို့၌ Gender/CEDAW/NSPAW နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ အသိပညာပေး ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ Gender/CEDAW/NSPAW နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ အသိပညာပေး ဆွေးနွေးပွဲကျင်းပ



MNP - စက်တင်ဘာ   ၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အဆင့် အမျိုးသမီးကော်မတီ၏  Gender/ CEDAW/ NSPAW နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်  ၁၃၂၅ အသိပညာပေးဆွေးနွေးပွဲကို စက်တင်ဘာ ၁ ရက် နံနက် ၉ နာရီက  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။


ရှေးဦးစွာ ကျိုင်းတုံခရိုင်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းက မြန်မာအမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး၊ ကျား/မ တန်းတူညီမျှမှုရရှိရေးနှင့် အမျိုးသမီးအား စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာဆိုင်ရာစသည့် ကဏ္ဍစုံ၊ နယ်ပယ်ပေါင်းစုံ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်လာစေရေး သက်ဆိုင်ရာဌာနများ၊ NGO အဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။


ထို့နောက် ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့် က Gender/CEDAW/NSPAW နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်  ၁၃၂၅ နှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပြီး ခရိုင်အမျိုးသမီးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက မြန်မာအမျိုးသမီးများဘဝရေရှည်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)