MNP - စက်တင်ဘာ ၁
ကမ္ဘာပေါ်တွင် အဖြစ်များနေသည့် လူကုန်ကူးမှုနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်၊ ပြည်သူများအားလုံး လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် အားလုံးပူးပေါင်း ပါဝင်ကြစေရန် ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ကျင်းပသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဦးသည် အခြားသူတစ်ဦးကို ပြည့်တန်ဆာစေခိုင်းခြင်း၊ အခြားကာမဆိုင်ရာ တစ်မျိုးမျိုးပြုခိုင်းခြင်း၊ အဓမ္မခိုင်းစေခြင်းနှင့် လက်ထပ် ထိမ်းမြားခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကြွေးမြီးဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်း စသည်တို့ကို ပြုလုပ်ရာမှ ငွေကြေးအကျိုးအမြတ် တစ်စုံတစ်ရာကိုလည်းကောင်း၊ လက်ခံခြင်း၊ သဘောတူခြင်း၊ မိမိတို့၏ ပိုင်ဆိုင်မှုများကိုရင်းနှီးပြီး အခြားဒေသများသို့ သွားရောက် အလုပ်လုပ်ခြင်း တရားမဝင်သွားရောက်ခြင်းတို့သည် လူကုန်ကူးခံရနိုင်ဖွယ်ရှိကြောင်း၊ အမျိုးသမီးနှင့် ကလေးငယ်များတွင်သာမက အမျိုးသားများလည်း လူကုန်ကူးခံနေရသောကြောင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အားလုံးတွင် တာဝန်ရှိပါကြောင်း လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် လူကုန်ကူးမှုကိစ္စရပ်များကို သိရှိပါက ဆက်သွယ်ရမည့် အထူးဖုန်းလိုင်းများကို ဟောပြောခဲ့သည်။
ထို့နောက် သင်တန်းနည်းပြများ၊ သင်တန်းသူများအား လူကုန်ကူးမှုဆိုင်ရာများနှင့် ပတ်သက်၍ နံရံကပ်ပိုစတာများ၊ ဗီနိုင်းများကို ပြသခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် သုတ၊ ရသ၊ ရုပ်ပြ စာအုပ်များကို ခင်းကျင်းပြသပေးခဲ့ရာ သင်တန်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
သတင်း - သားငယ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment