MNP - စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မင်းလှမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ငှက်ဖျားရောဂါ၊ အနာကြီးရောဂါ၊ တီဗွီရောဂါဆိုင်ရာ အကြောင်းအရာများနှင့် သားဆက်ခြား အသိပညာပေးများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့်ဌာန ဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများက ကျန်းမာရေးဆိုင်ရာများသိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များမှ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအား ဖီးကြမ်းငှက်ပျော(၁)ဖီး၊ ကယ်လ်ဆမ်ကွေကာပါကင် (၁)ထုပ်၊ ကြက်ဥ(၁၀)လုံးနှင့် ငွေကျပ်ငါးထောင်တို့အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သတင်း - ဇာဇာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment