ကျောက်ဖြူမြို့၊ ကျောတ်တစ်လုံး IDPs Camp နှင့် မြို့အဝင်/အထွက်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၊ ကျောတ်တစ်လုံး IDPs Camp နှင့် မြို့အဝင်/အထွက်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်







MNP ၊ စက်တင်ဘာ  ၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန်နှင့် ကြိုတင်ကာ ကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျောတ်တစ်လုံး IDPs Camp နှင့် မြို့အဝင်/အထွက်နေရာများသို့ သွားရေက်ကာ Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  ကျောက်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က မြို့အဝင်/ အထွက်နေရာများဖြစ်သည့် Wel Come to Kyauk Phyu နေရာနှင့် ကျောက်တစ်လုံးစစ် ဆေးရေးဂိတ်နေရာများသို့ သွားရောက်ကာ ၎င်းလမ်းတစ်လျှောက်ရှိ အငှားယာဉ်မောင်းနှင်နေ သူများနှင့် ခရီးသွားပြည်သူများကို နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်ပြီးမှ သွားလာ ကြရန် အသိပညာပေးပြောကြားပြီး နှာခေါင်းစည်းများအခမဲ့ ဝေငှပေးခဲ့သည်။ ဆက်လက်ပြီး အဆိုပါအဖွဲ့သည် ကျောက်တစ်လုံး IDPs Camp ရှိ ယာယီပျံကျဈေးသို့သွားရောက်ပြီး အသား/ ငါး ရောင်းချနေသူများ၊ ဟင်းသီးဟင်းရွက်ရောင်းချနေသူများ၊ မုန့်ဆိုင်ရောင်းနေသူများနှင့် ဈေးရောင်း၊ ဈေးဝယ်လာသူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။ 

 

တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)