ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (International Organization for Migration- IOM) မှ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (International Organization for Migration- IOM) မှ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski အား လက်ခံတွေ့ဆုံ


MNP ၊ စက်တင်ဘာ ၁၂

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM) မှ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski  အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အလုပ်သမားဝန်ကြီးဌာနနှင့် IOM တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် နိုင်ငံတကာ လုပ်သားများ ရွှေ့ပြောင်းသွားလာခြင်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသား (၅) နှစ်တာ လုပ်ငန်းစီမံချက် (၂၀၁၃-၂၀၁၇)ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး (၂၀၁၈-၂၀၂၂) ငါးနှစ်စီမံချက်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆောင်ရွက်ဆဲ လုပ်ငန်းအစီအစဉ်များဆိုင်းငံ့ခဲ့ရ၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် ကျန်လုပ်ငန်းများ၊ ရွှေ့ပြောင်းသွားလာမှုများပြားသည့် ဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်၍ စွန့်ဦးတီထွင် လုပ်ငန်းများအတွက် လိုအပ်သည့်ကျွမ်းကျင်မှုနှင့် အသိပညာများ ဖြန့်ဖြူးပေးနိုင်ရေး အသိပညာပေးအစီအစဉ်များကို အလုပ်သမားဝန်ကြီးဌာနနှင့် IOM ရုံးတို့ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)