ပွင့်ဖြူမြို့ ပွင့်မာလာပန်းဥယျာဉ်ခြံ သာယာလှပရေးနှင့် လုံခြုံရေးအတွက် LED မီးသီးများတပ်ဆင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့ ပွင့်မာလာပန်းဥယျာဉ်ခြံ သာယာလှပရေးနှင့် လုံခြုံရေးအတွက် LED မီးသီးများတပ်ဆင်



MNP - စက်တင်ဘာ   ၁


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြည်သူများနှင့်ကလေးငယ်များ အားလပ်ချိန်၌ လာရောက်အပန်းဖြေ အနားယူနိုင်ရေးအတွက် စီစဉ်ထားရှိသော ပွင့်ဖြူမြို့ ပွင့်မာလာပန်းဥယျာဉ်ခြံအား သာယာလှပစေရန်နှင့် လုံခြုံစေ‌ရန်အတွက် ယမန်နေ့က မြို့နယ်လျှပ်စစ်ဌာနနှင့် ပူးပေါင်းပြီး LED လျှပ်စစ်မီးသီးများ တပ်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့နယ်လျှပ်စစ်ဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းပြီး ပွင့်မာလာပန်းဥယျာဉ်ခြံ သာယာလှပစေရေးနှင့် လုံခြုံမှုရှိစေရန်အတွက် ယခင်တပ်ဆင်ထားရှိသော လျှပ်စစ်မီးသီးများ ကြံ့ခိုင်ကောင်းမွန်ခြင်း ရှိ/ မရှိ၊ လျှပ်စစ်အန္တရာယ် ဘေးကင်းလုံခြုံစိတ်ချရမှု ရှိ/မရှိ တို့ကိုစစ်ဆေးပြီး လဲလှယ်ရန်လိုအပ်သော မီးသီးများအစား လျှပ်စစ်ဓာတ်အား ချွေတာနိုင်‌ပြီး အလင်းရောင် ပိုမိုကောင်းမွန်သော LED လျှပ်စစ်မီးသီးများကို ပြောင်းလဲတပ်ဆင် ဆောင်ရွက်ခဲ့သည်။


ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ပွင့်မာလာပန်းဥယျာဉ်ခြံ သန့်ရှင်းသာယာလှပ စေရေးအတွက် ပန်းခြံအတွင်း ပန်းပင်များ အလှပုံဖော်ခြင်း၊ ရေဖျန်းခြင်း၊ စင်္ကြံလျှောက်လမ်းများကို ဆေးသုတ်ခြင်း၊ ခြံစည်းရိုးအုတ်တံတိုင်းပတ်လည်အား ဆေးသုတ်ခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်းနှင့် တံမြက်စည်းလှဲခြင်းလုပ်ငန်းများကို ပြည်သူများ စိတ်အေးချမ်းစွာ လာရောက်အပန်းဖြေ အနားယူနိုင်ရေးအတွက် စနစ်တကျ စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း အဆိုပါ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)