တာချီလိတ်မြို့၌ (MANA)တာချီလိတ်ရိပ်မွန် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ Capacity Building Training ဖွင့်လှစ်ပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာချီလိတ်မြို့၌ (MANA)တာချီလိတ်ရိပ်မွန် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ Capacity Building Training ဖွင့်လှစ်ပို့ချ

 



MNP - စက်တင်ဘာ   ၁၉


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ (MANA)တာချီလိတ်ရိပ်မွန်၊ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှကြီးမှူး၍  Capacity Building Training သင်တန်းအား  တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ယနေ့ နံနက် (၉) နာရီအချိန်က သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။


ယင်းသင်တန်းတွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းမှ အသင်း၏ ရည်ရွယ်ချက်၊ မူးယစ်ဆေးဝါး သုံးစွဲသူများနှင့်၎င်းတို့မိသားစုများအကြား၊ ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ပြည်သူ လူထုအကြား မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ ပိုမိုသိရှိနားလည်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍သင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းမှာ ကျန်းမာရေးလုပ်ငန်းများ၊ ပိုမိုအောင်မြင်အောင်လုပ်ဆောင်နိုင်ရန်အတွက် တာဝန်ခံ ဆရာဝန် ၃ ဦးမှ သင်တန်းပို့ချပေးမှာ ဖြစ်၍၊ သင်တန်းချိန်မှာ နံနက် (၉ )နာရီမှ၊ မွန်းလွှဲ (၃နာရီ မိနစ်၃၀) ထိဖြစ်ပြီး၊သင်တန်းကာလမှာ (၁၉.၉.၂၀၂၂) မှ ( ၂၂.၉.၂၀၂၂) ထိ( ၄ ) ရက်ကြာ သင်ကြားပို့ချပေးသွားမှာဖြစ်သည်။


သင်တန်း၌ Community Based Organization နှင့် Local Youth Peer အဖွဲ့ဝင် သင်တန်းသားစုစုပေါင်း(၁၂ )ဦးတက်ရောက်ကြပြီး၊သင်တန်းသားများအနေဖြင့် မိမိတို့မြို့၊ ရွာ၊ ကျေးလက်များတွင် မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် ၎င်းတို့မိသားစုဝင်များအကြား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုသိရှိနားလည်ရန်အတွက် အသိပညာပေးလုပ်ငန်းများ ထပ်ဆင့်အကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။


သတင်း - အေးအေးလတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)