MNP ၊ စက်တင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိလာ စေရန်နှင့် ကာကွယ် ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် (၇:၀၀) နာရီက လူစည်ကားရာတြိဂံလမ်းဆုံနှင့် လမ်းမတစ်လျှောက် ဒေသခံပြည်သူများ၊ ဈေးရောင်းဈေးဝယ်သူများအား Mask Campaign အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ရာ တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်သူ များအား နှာခေါင်းစည်း Mask (၁၀၀၀)ကိုအခမဲ့ဖြန့်ဝေခဲ့ကြသည်။ ယခုအခါတွင် ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်း ကမ်းချက်များနှင့်အညီလိုက်နာကြရန်၊ ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာကြရန်၊ ကိုဗစ်- ၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို မပျက်မကွက်ထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment