အမ်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်





MNP ၊ စက်တင်ဘာ  ၁၃

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် တွင် ပြည်သူများ ကို ဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု ပြန်လည်ဖြစ်ပွားမှုမရှိလာစေရန်ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ ၏ ဦးဆောင်မှုဖြင့် ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ နံနက် ၇ နာရီအချိန် က  လူစည်ကားရာလမ်း ဆုံလမ်းမများနှင့် လေယာဉ်ကွင်းရပ်ကွက်ဈေးလေး ၌ ဒေသခံပြည်သူများ ဈေးရောင်းဈေးဝယ်သူများအား   Mask  Camp aign အသိ ပညာပေး ဆောင် ရွက်ခဲ့ကြောင်းသိရှိရသည်။


အဆိုပါ  Mask Camp aign ဆောင်ရွက်ရာ တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊အမျိုးသမီးရေးရာအဖွဲ့များများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအ ဖွဲ့များက ပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့‌ တပ်ဆင်ပေးခြင်း၊ အသိပညာပေးလက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခြင်း၊ ကူးစက်မြန်   ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရော ဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီဖြစ်သ ဖြင့် ကာကွယ်ထိန်း ချုပ်နိုင်ရန် ကျန်းမာ ရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး‌ သတ်မှတ်စည်းကမ်းချက်များနှင့်အညီလိုက်နာကြရန်၊ ပြည်သူများ  အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ ကိုဗစ်- ၁၉ရောဂါ  ထပ်ဆောင်းကာကွယ် ဆေးထိုးနှံနိုင်ရေး အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)