ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်




MNP - စက်တင်ဘာ   ၁၇


မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တာဆီးထိန်းချုပ်နိုင်ရေး၊ ကူးစက်ပြန့်ပွားမှုလျော့ကျစေရေးနှင့် ပြည်သူများအိုမီခရွန်ရောဂါ ပိုးကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ယနေ့နံနက်(၇)ခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများမှ ပြည်ကြီးတံခွန်မြို့နယ်၊ (င)ရပ်ကွက်၊ ၆၂ လမ်းနှင့် မင်းကြီးကနောင်လမ်း မီးပွိုင့်လမ်းဆုံတွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask) များကို စနစ်တကျတပ်ဆင်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်လမ်းညွှန်ချက်များလိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အကြိမ်ပြည့်မှီအောင် ထိုးနှံကြရန်နှင့် ပါစပ်နှာခေါင်းစည်(Mask)များကို စနစ်တကျ တပ်ဆင်သွားလာကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။


အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင်-၁) ဗိုလ်မှူးဌေးဦးခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးကျော်ဆန်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင်-၃) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ခန့်ဝေ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနှင်းဇော်သိန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရင်ဘတ်တူညီနောင် လူမှုကူညီရေးအသင်းဦးဆောင်၍ လူမှုကူညီရေးအသင်း(၁၅)သင်းမှ အသင်းဝင်များ၊ စုစုပေါင်း အင်အား (၁၀၇)ဦးခန့်တို့ပူးပေါင်း၍ ပြည်ကြီးတံခွန်မြို့နယ်၊ (င)ရပ်ကွက်၊ ၆၂လမ်းနှင့် မင်းကြီးကနောင်လမ်း မီးပွိုင့်လမ်းဆုံတွင် လမ်းသွားလမ်းလာမိဘပြည်သူများအား နှာခေါင်းစည်(Mask) (၇၅၀၀)ခုအား (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - ကျော်ကျော်အောင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)