ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်





MNP ၊ စက်တင်ဘာ  ၂၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး မြို့နယ် အဆင့်ကော်မတီများအဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများ သို့သွားရောက်ပြီး  Mask Campaign ဆောင်ရွက်ခဲ့သည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်း နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး မြို့နယ်အဆင့်ကော်မတီများ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အမက(အစိုးရ)၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများကို  နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်စေခြင်း အသိပညာပေးဟော ပြောခဲ့ပြီး နှာခေါင်းစည်း(Mask)အခု(၁၅၀၀)ကျော်ကို အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမ များနှင့်ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဝေငှပေးကာ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 

 

တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)