မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မော်လမြိုင်ဘူတာကြီး၌ Mask Campaign ပြုလုပ် ဆောင်ရွက်နေခြင်းအား လိုက်လံကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မော်လမြိုင်ဘူတာကြီး၌ Mask Campaign ပြုလုပ် ဆောင်ရွက်နေခြင်းအား လိုက်လံကြည့်ရှုအားပေး



MNP - စက်တင်ဘာ   ၁၇


မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း များကို မြို့နယ်များအလိုက် ကိုဗစ်- ရောဂါပိုးစစ်ဆေးခြင်း၊ လူထုအသွားအလာများသည့် နေရာများတွင် ကိုဗစ်ဆိုင်ရာ စည်းကမ်းချက်များကို ပြန်လည်လှုံ့ဆော် အသိပညာပေးခြင်း၊ ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ Mask Campaign ပြုလုပ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများသည်  ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မော်လမြိုင်ဘူတာကြီး၌ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများမှ အသိပညာပေးဆောင်ရွက်နေမှု၊ Mask များ အခမဲ့ဝေငှခြင်း အစီအစဉ် Mask Campaign ပြုလုပ်ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့‌ကြောင်း သိရသည်။


ထိုနောက်မြန်မာ့မီးရထား (ပို့ဆောင်ရေး၊ တိုင်းအမှတ်-၈)မှ  တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရေး၊ ဘူတာရုံများတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ  စည်းကမ်းချက်များနှင့် အညီ လိုက်နာကြစေရေး၊ ဘူတာရုံပရဝုဏ် အတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေးတို့ကို ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားကာ တာဝန်ရှိသူမှ ရထားခရီးစဉ်များ ပြေးဆွဲဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)