MNP ၊ စက်တင်ဘာ ၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ် မှုများပြုလုပ်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လူမှုဝန်ထမ်းဦးစီး ဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ ဈေးများသို့ သွားရေက်ကာ Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ ဈေးများဖြစ်သည့် ကုလားဘာတောင်ဈေးနှင့် ကညင်တောပျံကျဈေး များသို့သွားရောက်ကာ ၎င်းဈေးများ၌ အသား/ငါး ရောင်းချနေသူများ၊ ဟင်းသီးဟင်းရွက်ရောင်းချနေ သူများ၊ မုန့်ဆိုင်ရောင်းနေသူများ၊ ဈေးရောင်း၊ ဈေးဝယ်လာသူများနှင့် အငှားယာဉ်မောင်းနှင်နေသူများ ကို နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်ပြီးမှ ဈေးရောင်း၊ဈေးဝယ်ပြုလုပ်ကြရန် အသိ ပညာပေးများပြောကြားပြီး နှာခေါင်းစည်း(Mask) အခု ၅၀၀ ကျော်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment