တောင်ကုတ်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaignနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaignနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်





MNP ၊ စက်တင်ဘာ ၂၆

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း  အိုမီခရွန် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်နှင့်ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ပြည်သူ များကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ခရိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ကြီးကြပ်မှုဖြင့် Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းများကို ယန့နံနက်(၇)နာရီခွဲအချိန်တွင် စည်ပင်‌ သာယာ မြို့မဈေးကြီးရှေ့၊ လျှပ်စစ် လမ်းဆုံ နှင့် အမ်းလမ်းဆုံ တို့တွင် စုရပ်(၃)ခုထားကာ ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ Mask Campaign ပြုလုပ်ခြင်းနှင့်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက စည်ပင်သာယာမြို့မဈေးကြီးရှေ့၌ Mask (၃၀၀၀)ခု ၊ သံတွဲလမ်းဆုံ၌ Mask(၂၀၀၀)ခုနှင့်လျှပ်စစ်လမ်းဆုံတွင် Mask(၂၀၀၀)ခုစုစုပေါင်း Mask(၇၀၀၀) ခုတို့ကို ဖြန့်ဝေပေးခြင်း ၊အသံချဲ့စက်ဖြင့် အသိပညာပေးကြေညာခြင်းနှင့်စည်ပင်သာယာဈေးကြီးအတွင်း  ဆိုင်ခန်းများတွင် ဈေးရောင်းသူများ ၊ ဈေးဝယ်လာသူများ Mask တပ်ဆင်မှု ရှိ မရှိ လိုက်လံစစ်ဆေးခြင်း ၊ Mask စနစ်တကျ တပ်ဆင်စေနိုင်ရေး သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)