ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် Mask Campaign ပြုလုပ်၍ ယာဉ်ပိတ်ဆို့ စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် Mask Campaign ပြုလုပ်၍ ယာဉ်ပိတ်ဆို့ စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်



MNP - စက်တင်ဘာ   ၁၄


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ယမန်နေ့ နံနက်(၉)နာရီမှ (၁၁)နာရီအထိ Mask Campaign ပြုလုပ်ခြင်း ယာဉ်ပိတ်ဆို့စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ Mask Campaign ပြုလုပ်ဆောင်ရွက်ရာ၌ Mask အခု(၁၅၀)ကို လမ်းသွား၊ လမ်းလာ ပြည်သူများအား ဝေငှကာ အပြင်ထွက်တိုင်း Mask တပ်ကြရန် ကြပ်မတ်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ယာဉ်ပိတ်ဆို့စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင် ကား၊ ဆိုင်ကယ်တို့အား စည်းကမ်းတကျ မောင်းနှင်သွားလာကြစေရန်၊ ဆိုင်ကယ် စီးဦးထုပ်နှင့် Mask များ တပ်ဆင်သွားလာကြရန် နှိုး‌ဆော်တိုက်တွန်းခဲ့ကြကြောင်း သိရသည်။


အဆိုပါ Mask Campaign နှင့် ယာဉ်ပိတ်ဆို့စစ်‌ဆေးခြင်း လုပ်ငန်းဆောင်ရွက်ရာသို့ ရွှေသောင်ယံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက် ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရွှေသောင်ယံ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်ဆောင်ရွက်ခဲ့ကြ သည်။


သတင်း - ရွှေသောင်ယံ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)